မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ အိမ်မဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကွင်းဆင်းဆောင်ရွက်

အိမ်မဲ ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင်၊ ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မြင့်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) တို့မှ အိမ်မဲမြို့နယ် ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဲဇလီစာဖြူစု- ကျုံတုံး လမ်းကွန်ကရစ် လမ်းခင်းခြင်းပြီးစီးမှုနှင့် ခင်းကျင်းရန်ကျန်ရှိသည့် အပိုင်းများဆက်လက်ခင်းကျင်း နိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဧရာဝတီဘောဂကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ရွာသစ်- ပဒက်လမ်းကွန်ကရစ် လမ်းခင်းနိုင်ရန်အတွက် အောက်ခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ အပေါ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှားကြားခဲ့သည်။

ဆက်လက်ပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဝင်များက အိမ်မဲမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှု တိုးတက်မြင့်မားရေးတို့အတွက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ၊ ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံပွဲကို အ.ထ.က (၂) ကျောင်း ပညာ့ဗိမာန် ခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင်က လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အိမ်မဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌမှ Contract framing ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ယင်းနောက် ကျေးရွာအုပ်စု စိုက်ပျိုးထုတ်လုပ်နိုင်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာအုပ်စု၊ ကန်ကြီးဒေါင့်ကုန်း ကျေးရွာရှိ စိုက်ပျိုးရေးဂိုဒေါင်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးစိုက် တောင်သူများသို့ နိုင်ငံတော်သတ်မှတ်ဈေးနှုန်းဖြင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကျော်မိုးဝင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသက်ကိုကိုဦး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးတို့ တက်ရောက်ခဲ့ပြီး မိုးစပါးစိုက်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ)