စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “စိုက်ပျိုးရေးကဏ္ဍ”အသိပညာပေး Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း ဒီဇင်ဘာ ၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မင်ကွန်းတိုက်နယ် တာဝန်ခံတို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့၊ နေ့ပိုင်းက ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန မင်းဥွန်းတိုက်နယ်တာဝန်ခံ ဦးအောင်မျိုးထွန်းက စိုက်ပျိုးရေးကဏ္ဍအတွက် သဘာဝ ရွက်ဖျန်းအားတိုးဆေး ပြုလုပ်သုံးစွဲနည်း အဆင့်ဆင့်နှင့် သုံးစွဲတဲ့အခါရရှိလာမည့် အကျိုး ကျေးဇူးများ၊ မြေဆီလွှာကောင်းမွန်းရေးအတွက် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးပြီး စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ သီးနှံများပြုစုပျိုးထောင် သွားရမည့် အခြေအနေများ၊  သီးနှံစိုက်ပျိုး တောင်သူများအတွက် ဈေးနှုန်းချိုသာပြီး ကုန်ကျစရိတ် သက်သာတဲ့အထွက် လက်တွေ့အကောင်အထည်ဖော် အသုံးပြုသွားကြစေလိုကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)