သတင်းများ

မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ၏ ပထမအပတ် ပထမရက် အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြောင်းမြခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု ပထမပတ် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်
Dec 04,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု ပထမပတ် လမ်းလျှောက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ဘောလုံးကွင်းအားပတ်၍ စုပေါင်းလမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့တွင် အခြေခံပညာမူလတန်းအဆင့် Grade-5 မြို့နယ်အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Dec 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်အတွင်းရှိ ပြည်သူ့ အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင်သို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က စတင်၍ ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်‌နေပြည်သူ ၂၅၀ ခန့်တို့က ပိန္နဲကုန်းတံတားအထိ တပျော်တပါးပျော်ရွှင် စည်ကားသိုက်မြိုက်စွာ စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားကြံ့ခိုင်ရေး သွေးပူလေ့ကျင်းခန်းများပြုလုပ်ကြသည်။
မြို့သစ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှေက်ပွဲ စည်ကားစွာကျင်းပ
Dec 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြိုတွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှေက်ပွဲကြီးကို ယမန်နေ့ နံနက်(၆)နာရီက စည်ကားစွာ ကျင်းပခဲ့သည်။
အုတ်ဖိုမြို့တွင် ဒီဇင်ဘာလ လူထုအားကစားပွဲကျင်းပ
Dec 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ဒီဇင်ဘာလ လူထုအားကစားပွဲအဖြစ် လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၄ နာရီအချိန်က ကျင်းပခဲ့သည်။