နောင်ချို ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ များကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးကကျောင်းသား၊ ကျောင်းသူလေးများ လွတ်လပ် ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းများ၊ လွတ်လပ်ရေး ၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ထောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန် လိုအပ်ကြောင်း စသည့်အကြောင်း အရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ရှင်းလင်းဖြေ ကြားခဲ့ကြောင်းသိရသည်။
ထို့နောက် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်နန်းထွေးထွေးခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ပြန်/ဆက်