နာဂ​ဒေသ၊ နန်းယွန်း​မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

နန်းယွန်း ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းဝန်း၌ ပြုလုပ်သည်။

ထိုသို့ လုပ်ဆောင်ရာတွင် နန်းယွန်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူးဦး​​အောင်မျိုးဇော်က မီးဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့က အမျိုးသမီးအိမ်တွင်းမှု သင်တန်းဆရာမများနှင့် သင်တန်းသူများအား မီးလောင်ခြင်းအန္တရာယ်များ အရေးပေါ် ကြုံတွေ့လာပါက မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်ပညာသင်တန်း ကျောင်းအုပ်ဆရာမကြီး ​ဒေါ်စန်းဌေးနှင့်သင်တန်းဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်ကမ်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးအောင်မျိုးဇော်နှင့်တပ်ဖွဲ့ဝင်များ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)နှင့် ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၁၃)မှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟန်ကမ်း(ပြန်/ဆက်)