စစ်ကိုင်း ဒီဇင်ဘာ ၃၁
စစ်ကိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် စုပေါင်းလမ်း လျောက်ပွဲကို ဒီဇင်ဘာ(၃၁/)ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျောက်ခဲ့ကြသည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် စုပေါင်းလမ်းလျောက်ပွဲသို့ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျန်းမာရေးလိုက်စားသူ ပြည်သူများက စုရပ်မှစ၍ စတင်လမ်းလျောက်ခဲ့ကြပြီး ရွှေပန်းခြံလမ်း၊ ထိုမှတဆင့် ထူပါရုံဘုရာလမ်း၊ ကမ်းနားလမ်းတစ်လျောက် စုပေါင်းလမ်းလျောက်ခဲ့ကြပြီး ပိုးတန်းရပ်ကွက် မြို့မဘော့လုံးကွင်းအတွင်း ဝင်လျောက်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ (၂)ဖြင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခဲ့ကြကာ စစ်ကိုင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းမြို့အနေဖြင့် စုပေါင်းလမ်းလျောက်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလတွင် အပတ်စဉ်(စနေနေ့)တိုင်း စုရပ်များသက်မှတ်၍ စုပေါင်းလမ်းလျောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)