(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

တွံတေး ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်၁၁နာရီမိနစ်၃၀က တွံတေးမြို့ အောင်ဆန်းသူရိယအေးချို မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တတိယနေရာလုပွဲယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရောင်နီအသင်းနှင့် ဘန်ကောက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရောင်နီအသင်းက ဘန်ကောက်အသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ တတိယဆုရရှိသည့် Y2Kအသင်းအား ဆုကြေးငွေ(၃၀၀၀၀)ကျပ်အားလည်းကောင်း၊ ဒုတိယဆုရရှိသွားသော ဘန်ကောက်အသင်းအား ဆုငွေ(၅၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ပထမဆုရရှိသွားသော ရောင်နီအသင်းကို ဆုကြေးငွေ(၁၀၀၀၀၀)ကျပ်အား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ-နည်းစနစ် ဒေါ်ခင်လေးလွင်က ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၃၀)ရက်နေ့မှစတင်ကာ ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများအနေဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

တွံတေးသား