မိုင်းငေါ့မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းငေါ့ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် “ဆောင်းပါးလွတ်လပ်‌ရေးပန်းမို့မနွမ်းစေချင်” ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ၊ လွတ်လပ်ရေးကို စည်းလုံးညီညွတ်စွာ ထိမ်းသိမ်းစောင့်ရှောက်ရန်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရမည်ဟူ၍ စသည့် အကြောင်းအရာများဖြင့် ဝေဆာစွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)