တောင်ဥက္ကလာပမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့ (၁၃၆) ဖွဲ့ ဖွဲ့ကာ စာရင်းကောက်ယူ

တောင်ဥက္ကဘာပ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်း‌ဒေသကြီ၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၁၃၆ ဖွဲ့ ဖွဲ့ကာစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှု အခြေအနေများကို တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ‌၁၃ ရပ်ကွက်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)