မြင်းခြံတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး‌နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး‌နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြင်းခြံတက္ကသိုလ် Theatre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးကြည်က မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စတင် ဖြစ်ပေါ်လာပုံနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းကိုလည်းကောင်း၊ မြင်းခြံမြို့ အမှတ် (၉၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ် ဇော်ဝင်းထွန်းက ယာဉ်အသုံးပြူရာတွင် လိုက်နာရမည့် အချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ် (၉၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးမှ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ အေးအေးဟန်၊ ဒုတိယ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ကျော်ဝင်းဦး၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။။                                     

ကျော်စွာ(မြင်းခြံ)