သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်

သာပေါင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ငှက်‌ပျောတောကျေးရွာအုပ်စုတို့တွင် ခြင်ခိုလှုံပေါက်ဖွား နိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန် အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ၊ Volunteer တို့က နေအိမ်များရှိ ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ဖုံး သွန် လဲ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ် ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ခြင်ဆေးဖြန်းခြင်း တို့ကိုသွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့ကြသည်။

သာပေါင်းမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ငှက်‌ပျောတောကျေးရွာအုပ်စုတို့တွင် သွေးလွန်တုပ် ကွေးဖြစ်သူများ တွေ့ရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)