နတ်မောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဌားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က မြို့နယ်တရားရုံးနှင့် သစ်တောရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ရုံးများအရောက် သွားရောက်ငှားရမ်းပေးခြင်းအားဖြင့် မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် အလွယ်တကူ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုနိုင်ရန်၊ စာပေဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ရည်ရွယ်၍ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)