မိုင်းငေါ့ မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင် ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့်ဆေးကုသရေူအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်းနှင့်အဖွဲ့မှ ပြည်သူများ၏ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများမှ ဆေးလာရောက်ကုသသူ ကျား(၁၂) ဦး၊ မ (၁၈)ဦး စုစုပေါင်း(၃၀)ဦး လာရောက်ကုသလျှက်ရှိကြပြီ ဆေးခန်းသို့ မလာရောက်နိုင်သော လူနာများကိုလည်း ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင် ယာရောက်ဆေးကုသမူများ သွာရောက်ဆောင်ရွက်ပေးလျက်ရှိကာ လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုကို အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ရက်များတွင် နံနက်(၉)နာရီမှ နေ့လယ် (၂) နာရီအထိ ဆေကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)