ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ပြီး အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား သိရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကုန်းတန်းကလေးကျေးရွာ၊ ဗောဓိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။