လားရှိုး ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က (၃၁-၅-၂၀၂၂)ရက်နေ့ ရတနာပုံသတင်းစာတွင်ဖော်ပြခဲ့သော ဆောင်းပါးရှင် ဗညားကျန်းထော ရေးသားထားသော “နိုင်ငံကြီးသားစိတ်ထား”ဆောင်းပါးအား အဖွင့်နိဒါန်းဆွေးနွေးပေးခဲ့ပြီး မြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးညွှန့်ဝေ (ကောင်းညွှန့်ဝေ-ရေစကြို)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးတို့က အဆိုပါ ဆောင်းပါးအား ဆက်လက်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
စိုင်းအောင်ကျော်စိုး