ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် သင်တန်းဖွင့်

တောင်ကုတ် ဇွန် ၂၈

ပင်လယ်ငါးဖမ်းရေလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အခြေခံ လုပ်ငန်းခွင်သင်တန်းကို တောင်ကုတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တောင်ကုတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးဇော်မင်းနိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်တို့က ရေပြင်ရှာဖွေကယ်ဆယ်ရေး၊ အသက်ကယ်အင်္ကျီ အသုံးပြုခြင်း၊ မီးသတ်ဆေးဗူးအသုံးပြုခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့် အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါသင်တန်းသို့ ရေလုပ်သား(၂၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)