ထားဝယ် ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိဆေးဆိုင်များတွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယနေ့နံနက်ပိုင်း၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူးဒေါ်မေသန်းနိုင် ဦးဆောင်၍ ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင် ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့များက ထားဝယ်မြို့၊ မြို့သစ်(၄)လမ်းရှိအောင်ဇမ္ဖူ၊ ဖူးပွင့်၊ ဝါဝါလင်း၊ (၇) လမ်းရှိအာရုံဦး၊ (၈)လမ်းရှိ ဝင်းမေတ္တာ၊ ရေးလမ်း၊ ဆင်ဆိပ်ရပ်ကွက်ရှိ Lucky shine ဆေးဆိုင်(၆)ဆိုင်တွင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန် သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါးသိုလှောင်မှုရှိ/မရှိ၊ ဆေးဝါး အတုများ၊ သက်တမ်းလွန်၊ လိုင်စင်မဲ့၊ onlineမှတရားမဝင်ကြေငြာသော အန္တရာယ်ရှိ ဆေးဝါးများအား မရောင်းချရန် အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက်ဆေးဆိုင်များတွင် လာရောက်ဝယ်ယူသူများအား ဆေးဝါးဝယ်ယူရာတွင်လိုက်နာရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီးဆေးဆိုင်များမှ စစ်ဆေးခဲ့သောဆေးဆိုင် နှစ်ဆိုင်တွင် ၂ ဒီကရီ ဆယ်စီရပ်စ်မှ ၈ ဒီကရီဆယ်စီရပ်စ်အတွင်း အပုချိန်တွင်ထားရှိရမည့် မျက်စဉ်း ဆေးများအား အခန်းအပူချိန်တွင်ထားသည်ကို တွေ့ရှိရသဖြင့် မှန်ကန်သောအပူချိန်တွင်သာ သိုလှောင် သိမ်းဆည်းရန်၊ ကာကွယ်ဆေး၊ အင်ဆူလင်နှင့် မျက်စဉ်းစသောဆေးများအား သတ်မှတ်အပူချိန်ရှိရေခဲ သေတ္တာထဲတွင် သာသိုလှောင်ထားပြီး ရောင်းချရန်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)