သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်

သင်္ဃန်းကျွန်း ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ယန်းကျွန်း)မြို့နယ်အတွင်းမှ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်အုပ်ချုပ်ရေး ဦးလှမျိုးမှ ဦးဆောင်၍ နယ်မြေတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်အတွင်းရှိ စေတနာရှင်များ စုပေါင်း၍ အ.မ.က(၂၅)ကျောင်းပရဝုဏ်အတွင်းရှိ ခြုံနွယ်၊ မြက်ပင်များနှင့် ကိုင်းပင်များကို မြက်ရိတ်စက်၊ ဓားနှင့် ပေါက်ပြားများ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။ ဆက်လက်၍ အ‌ခြေခံပညာမူလတန်းကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းခန်းများ၌ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)