ဒိုက်ဦးမြို့နယ်၌ RS to CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနားကျင်းပ

ဒိုက်ဦး ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီ၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာ၊ တောင်သူဦးကျော်ဇော၏လယ်၌ ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း မှော်ဘီ-၂စပါးမျိုး၊ RS to CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စန်းဦးက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းထွန်းက မျိုးစေ့ထုတ်စိုက်ခင်းများ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးဇော်သိန်းနိုင်မှ ကျေးဇူးတင်စကားပြောကြားပါသည်။

ယင်းနောက်တောင်သူများ၏ သိလိုသည်များကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ရှင်းလင်း‌ဖြေကြားကြပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများက စပါးမျိုးစေ့ထုတ်စိုက်ခင်း မှော်ဘီ-၂စပါးမျိုး RS to CS မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးသရုပ်ပြခြင်းအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)