ကျောက်ဆည်မြို့တွင် သမဝါယမအသင်းစုလီမိတက်မှ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အသင်းစု သမဝါယမအသင်းစုလီမိတက် ဇော်ဂျီဧရာ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းက စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်(ရုံးချုပ်)မှ ထုတ်ဝေသော စမ်းဝတီမြေဩဇာသည် သီးနှံပင်များအတွက် မြေဆီလွှာအဟာရဓာတ်များကို ကြာရှည်စွာ သိုလှောင်ထိန်းသိမ်းထားနိုင်သည့် အတွက် လိုအပ်သော အပင်အဟာရဓာတ်များကို ဖြေးဖြေးနှင့်မှန်မှန်ပေးနိုင်ခြင်း၊ မြေအစိုဓာတ်ကိုကြာရှည်စွာထိန်းသိမ်းထားနိုင်ခြင်းနှင့်အပင်နှင့် မြေဆီလွှာပျက်စီးမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများ အကြောင်းနှင့် အခြေခံ သမဝါဝမအသင်းစုမျးအနေဖြင့် အခြားကုန်မျိုးစုံဆိုင်များဖွင့်လှစ်နိုင်ရေး ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဦးကြည်စိုးက စမ်းဝတီမြေဩဇာသည် စပါး သီးနှံအတွက်  သုံးစွဲမည်ဆိုပါ မြေပြင်ချိန်၊ပင်ပွားတက်ချိန်၊မှို့တက်ချိန်၊ကြားပေါင်းလိုက်ချိန်များတွင် အသုံးပြုနိုင်ပြီး အခြားသီးနှံများတွင် မြေပြင်ချိန်၊ပေါင်းလိုက်ချိန်၊ စိုက်ကျင်းတူးချိန်၊အပင်အားယူချိန်၊ အဖူးအပွင့်ဝင်ချိန်၊ အသီးကြီးထွားချိန်များတွင် အသုံးပါက ပို၍ ကောင်းမွန်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် သမဝါယမအသင်းဝင်များက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး စမ်းဝတီမြေဩဇာနှင့် နို့ဆီဗူးများ ဝယ်ယူသွား ကြကြောင်းနှင့် ကုန်သွယ်မှု ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးအောင်လွင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ မြို့နယ်အတွင်းရှိ အခြေခံ သမဝါယမအသင်းစု(၃၀)မှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)