မိုင်းယန်းခရိုင်/  မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်က အမှာစကားပြောကြားရာတွင်  ဒုတိယဝန်ကြီးချုပ်ခရီးစဉ်တွင် ခရိုင်/ မြို့နယ်အဆင့် မိမိတို့ဌာနနှင့် ပတ်သတ်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုအား စနစ်တကျဆောင်ရွက်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းအင်အားစာရင်းများ စနစ်တကျပြုစုတင်ပြခြင်း စသည်တို့ကို ရှင်းလင်းပြောကြားကသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး