မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

မန်တုံ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါအန္တရာယ်များအား ဦးစွာပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က  မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူမှုရေးဆိုင်ရာထိခိုင်မှုများ၊ မူးယစ်ဆေး စွဲခြင်း၏ဆိုးကျိုးများ၊ ကုသဆေးဝါးမှ အန္တရာယ်ဆေးဝါးသို့ ပြောင်းလဲခဲ့မှုများ အစရှိသည်များကို ဗဟုသုတရဖွယ် အသိပညာပေးဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)