သတင်းများ

ဘောဂလိမြို့ သပြေညွန့်ကျေးရွာအုပ်စုရှိအသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်
Jan 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကျောင်းသား/သူများကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသည့်  ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သပြေညွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါ ကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်း သားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
ပင်းတယမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " စိုက်ပျိုးရေးသင်တန်း " ဖွင့်လှစ်
Jan 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တောင်ရှည်ကျေးရွာအုပ်စုလယ်ပြင် (နေကြာ-‌ဆီထွက်သီးနှံ)ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က “အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း"
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တွင် စာရေးဆရာများနှင့် စာပေဝါသနာပါသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာ‌ပေဝါသနာပါသူများနှင့် စာရေးဆရာအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီ၌ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်းရှိလမ်းများတွင်  လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ညွှန်ကြားချက်နှင့်ကိုက်ညီ ပြည့်စုံမှန်ကန်မှုအ​ခြေအ​နေအား ကွင်းဆင်းစစ်ဆေး
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ပို့​ဆောင်​ရေးနှင့်ဆက်သွယ်​ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်တွင် ပြဌာန်းထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ပြုပြင်​ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့်  မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ သာဂရ-ကိုးပင်ကားလမ်း၊ စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် မြို့တွင်းလမ်းများနှင့်လမ်းဦးစီးဌာန Class A လမ်းကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်သည့် ကုန်းကြီး-ဥယျာဉ်မှူးလမ်းများတွင် စိုက်ထူ​ရေးဆွဲထားသည့်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ​စေရန်အတွက် ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ဖားဆောင်းမြို့နယ် ​မူလွန်နန်းဟူးကုန်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်
Jan 16,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မူလွန်နန်းဟူးကုန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို အခြေခံပညာကျောင်းများတွင် လူငယ်လူရွယ်များ ပြည်သူလူထုအတွင်း ကြက်ခြေနီအခန်းကဏ္ဍ ပိုမိုရှင်သန်သွက်လက်လာစေရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ရာတွင် ကြက်ခြေနီအခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်နိုင်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အလေ့အထနှင့် ရှေးဦးပြုစုခြင်းကို ပြည်သူများနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။