သတင်းများ

ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jan 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်း များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထီးချိုင့်မြို့နယ် (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်
Jan 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster dose) ဆက်လက်ထိုးနှံ
Jan 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ခြားကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ် အသိပညာပေး‌ဟောပြောပွဲကျင်းပ
Jan 16,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိ ပညာပေးဟော‌ပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ‌ကျော်ခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေထောက်ပံ့ပေးအပ်
Jan 16,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအ ကြိမ် (Booster Dose) ထိုးနှံ
Jan 16,2023
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးကို ယနေ့နံနက်၉နာရီက အိုးပုံတော (အထက)၊ကွမ်းအုံ(အမက)၊ကျွန်းဒေါင့်(အထကခွဲ)၊ဇီးတော(အထက)၊ ဘုံသာ(အထက)၊ ဘုတ်ကုန်း(အမက) ၊လှည်းစထွန်း(အမက)၊ ထိန်ဖလား(အလက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။
ကွတ်ခိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကွတ်ခိုင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။