ပုဗ္ဗသီရိမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားရာ၌ ပုဗ္ဗသီရိမြို့နယ်အတွင်း အများပြည်သူ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အေးချမ်းစွာရရှိနိုင်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မိမိတို့ရုံးဌာနများနှင့် ရပ်ကွက်ကျေးရွာများတွင် မြက်ပင်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းမှ အမှိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးကို အများပြည်သူများ သိရှိလိုက်နာစေရန် ဆောင်ရွက်သွားရန်လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ကော်မတီတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှကော်မတီဝင်များက မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)