မိုင်းကိုင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါ ကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများ၏ “ကြိုဆိုပါတယ်စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ လွိုင်လင်ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းဝန်းက ကျောင်း၏ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်နုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွင်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ၊ ဉာဏနှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စီစဉ်တင်ဆက်သော အကပဒေသာများ၊ သိပ္ပံနှင့်လက်မှုပညာပြခန်း၊ ဓာတ်ပုံပြခန်းများကို ဖွင့်လှစ်ပြသရာ ဧည့်သည်တော်များနှင့် ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)