ရေတာရှည် ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်တွင် ပြဌာန်းထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ပြုပြင်ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ သာဂရ-ကိုးပင်ကားလမ်း၊ စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် မြို့တွင်းလမ်းများနှင့်လမ်းဦးစီးဌာန Class A လမ်းကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်သည့် ကုန်းကြီး-ဥယျာဉ်မှူးလမ်းများတွင် စိုက်ထူရေးဆွဲထားသည့်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိစေရန်အတွက် ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် တာဝန်ရှိသူများက လမ်းများတွင် စိုက်ထူရေးဆွဲထားသည့် လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့်အချက်ပြများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ(၂၀၂၂ခုနှစ်)နှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများညွှန်ကြားချက်(၂၀၂၂ခုနှစ်)တို့နှင့်အညီ ပြည့်စုံမှန်ကန်ကိုက်ညီမှုရှိစေရေးအတွက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ပြုပြင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)