ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူမှု ဆက်လက်ဆောင်ရွက်

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်း အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းကစ၍ (Working Group) မြေပြင် ကွင်းဆင်း ကောက်ယူရေးများဖွဲ့စည်းကာ ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထိုသို့ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေမှုတို့ကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က  ဦးမောင်စံဝင်းနှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့် အဖွဲ့ဝင်တို့က  e-ID အိမ်ထောင်စု စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ e-ID နိုင်(၄)မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အနီးကပ်လိုက်လံကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)