လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကျင်းပသော အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကလေးအလုပ်သမား ဖယ်ရှားရေးအသိပညာပေးဟောပြောပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းများ၊ ဥပဒေရုံးမှအရာရှိများ၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးအဖွဲ့များ လူမှုဖူလုံရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့တို့မှ အသိပညာပေး ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးမှုများအား အပြန်အလှန်အသိပညာပေးဟောပြော ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေလျက်ရှိသည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စက်မှုဇုန်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ စက်ရုံအလုပ်ရုံ ပိုင်ရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၅၀)ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)