မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ‌ ဆူးသစ်ရေးသားသော "ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်အရွယ်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့် စာပေမှ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး  နန်းစုနဒီလှိုင်က “ခွန်အားရှိ‌သောစာ” ခေါင်းစဉ်ပါအကြောင်းအရာများနှင့် နန်းလှထွေးမှ "ဘာကြောင့် စာဖတ်သလဲ" ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည့်အကြောင်းကို မိုင်းလုံမြို့ ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)