သတင်းများ

ကော့သောင်းမြို့တွင် (ပထမအကြိမ်) မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းသင်တန်း ဖွင့်လှစ်
Jun 28,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေဝါဝင်းဓမ္မရိပ်သာကျောင်းတိုက်တွင် (ပထမအကြိမ်)မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်းသင်တန်းကို ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့ထိ (၁၅)ရက်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းပို့ချနေမှုနှင့် ဘဝတိုးတက်အောင်မြင်ရေး လူငယ် (၃) ရက် အထူးတရားပွဲသို့ သွားရောက်ကြည်ညို
Jun 28,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းတက်ရောက်နေကြသည် မွန်ပြည်နယ် (၁၀) မြို့နယ်မှ ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၁၀၀) ဦးတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြများက သင်တန်းပို့ချနေမှုကို သွားရောက်ကြည့်ရှုရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများမှ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး မဲပေးစက်တည်ဆောက်ပုံ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြသပေးမည့် အစီအစဥ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း နည်းပြဆရာဖြစ်သင်တန်း တက်ရောက်ခဲ့ကြသူများက ထပ်မံ၍ ဆင့်ပွားသင်တန်းများ ပို့ချရမည် ဖြစ်သည့်အတွက် အလေးထားကြိုးစားသင်ယူကြရန်၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြား၍ သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ  ကွင်းဆင်းဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး
Jun 28,2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက  ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်းရှင်၊ လူ ပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ” စာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Jun 28,2025
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကျင်းပ
Jun 28,2025
စိုက်ပျိုးရေးသုံးပစ္စည်းများ၊ စားသောက်ကုန်နှင့် လယ်ယာသုံးပစ္စည်းများ၊ ဆိုလာနှင့်လျှပ်စစ်ပစ္စည်းများကို တစ်နေရာထဲတွင် ကြည်ရှုလေ့လာနိုင်မည့် စိုက်ပျိုးရေးနှင့်နည်းပညာဆိုင်ရာပြပွဲ ၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့  အင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ  YCC တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်လေ့လာခဲ့ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်ဝိုင်းကုသိဏာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Jun 28,2025
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ရှိသည့် ဘုရား၊ စေတီပုထိုးများကို ဘုရားဖူးပြည်သူများ ကြည်ညိုသပ္ပါာယ်စွာ ဖူးမြော်နိုင်ရေးအတွက် ရောင်တော်ဖွင့်ခြင်း၊ ထုံးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ပန်း ဆီမီးကပ်လှူခြင်း၊ ရင်ပြင်တော်နှင့် စောင်းတန်းတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက တောင်ဝိုင်းကုသိဏာရုံ ဗုဒ္ဓဝင်ဘုရားဝင်းအတွင်း ခြုံနွယ်များ၊ မြက်များ၊  အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ဘုရားဝင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြေင့် လိုက်လံသတိပေးနှိုးဆော်
Jun 28,2025
ယနေ့ မြန်မာစံတော်ချိန် နံနက် (၆း၃၀) နာရီအချိန်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀) ၊ အထက် (၂) လက်မခန့်တွင်ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် မြစ်ရေဝင်ရောက်မှု ရှိ/မရှိနှင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရေမြင့်တက်လာပါက အချိန်မီသတိပြုရှောင်ရှားနိုင်ရေး သတိပေးဆောင်ရွက်မှုများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်
Jun 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၁ ၊ ၁၂၊ ၁၃ ပိန်းတော) ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ဟောပြောပွဲကျင်းပခဲ့သည်။