ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြေင့် လိုက်လံသတိပေးနှိုးဆော်

ဟုမ္မလင်း ဇွန် ၂၈

ယနေ့ မြန်မာစံတော်ချိန် နံနက် (၆း၃၀) နာရီအချိန်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀) ၊ အထက် (၂) လက်မခန့်တွင်ရောက်ရှိနေပြီး ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် မြစ်ရေဝင်ရောက်မှု ရှိ/မရှိနှင့် စစ်ဆေးဆောင်ရွက်ခြင်းနှင့် ရေမြင့်တက်လာပါက အချိန်မီသတိပြုရှောင်ရှားနိုင်ရေး သတိပေးဆောင်ရွက်မှုများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်ဆင်းဆောင်ရွက်ခြင်းကို ဇွန် (၂၈) ရက်နေ့ နံနက် (၁၁) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းလင်းထွန်း၊ မြို့နယ်ထွေ/အုပ်မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးစီမံဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာဝန်ရှိသူများက ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် လိုက်လံသတိပေး နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)