သတင်းများ

စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက ကိုင်းပညာရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ကိုယ်ကာယကြံ့ခိုင်မှု ကာယအလှမယ်ပြိုင်ပွဲကျင်းပ
Jun 29,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရဿည်။
မုဒုံမြို့၌ အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသ
Jun 29,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သဘာဝပတ်ဝန်ကျင်ညစ်ညမ်းမှုကို လျော့ချနိုင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အမှိုက်များအား အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာစျေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 29,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စီစဥ်မှုဖြင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 29,2025
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာမုနိဘုရားကြီးပြန်လည်ပြုပြင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဦးစီကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ကဝမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင် ရှမ်းကန်၊ သပြုလမ်းမကြီးဘေး၌ Integrated Coastal Management Programme (ICM) ပင်လယ် ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်သစ်တောသစ်ပင်များ စိမ်းလန်း စိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ကဝမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" စိန်ဖူးတော်နှင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Jun 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဗိုလ်ရုံသီလရှင် ကျောင်းတိုက်အတွင်းရှိ "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" အား စိန်ဖူးတော်နှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု
Jun 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။