ကဝ ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က “ပန်းပျိုးသူ” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည်ရှုခဲ့ကြပြီး သုတ/ ရသစာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း (၃၀) ပေးအပ်ခဲ့ကာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ လိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး အလေးထားစည်းရုံးဆောင်ရွက်ရန် စာကြည့်တိုက်ကော်မတီဝင်များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် အကအဖွဲ့နှင့် ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)