ရွှေတောင် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဗိုလ်ရုံသီလရှင် ကျောင်းတိုက်အတွင်းရှိ "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" အား စိန်ဖူးတော်နှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
"ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်အား" စိန်ဖူးတော်နှင့် ရွှေထီးတော်တင် လှူပူဇော်ခဲ့ကြပြီး ဆရာတော်ကြီးများထံမှ တရားတော် နာယူ၍ လှူဖွယ်ဝတ္ထုနှင့်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်/သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၍ ဧည့်ပရိသတ်များအား နေ့လယ်စာ ထမင်းဧည့်ခံကျွေးမွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ နာယကဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်များ၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ပူဇော် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)