နတ်တလင်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စီစဥ်မှုဖြင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရာသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြည်မြို့ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးမှ အထွေထွေဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ခွဲစိတ်လူနာ ၄၈ ဦး၊ သားဖွားမီးယပ်လူနာ ၇ ဦး၊ ကလေးလူနာ ၁၆ ဦး၊ အရိုးလူနာ ၁၀၃ ဦး၊မျက်စိလူနာ ၉၃ ဦး၊ သွားနှင့်ခံတွင်းလူနာ ၂၃ ဦး၊ စုစုပေါင်း အထွေထွေရောဂါလူနာ ၄၃၆ ဦးအားတို့ ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး