လောင်းလုံး ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့်AI ဉာဏ်ရည်ထုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ဇွန်လ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြတ်ထိုက်က သင်တန်းပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်လောင်းလုံး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်က AI နည်းပညာများကို သင်ကြားပို့ချ၍ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက တက်ရောက်လာကြသော တောင်သူများ၏ဖုန်းထဲသို့ Software များထည့်သွင်းပေးခြင်းစသည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး စမ်းသပ်ပြသခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ တောင်သူ (၅၀) ဦးတို့အား AI ဉာဏ်ရည်တု နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်အသိပညာပေးလုပ်ငန်းတွင် တိုင်းဒေသကြီး၊ ခရိုင်မြေအသုံးချရေးတာဝန်ခံများ၊ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြတ်ထိုက်၊ မြို့နယ်မြေဩဇာဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီများနှင့် တောင်သူများတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း (လောင်းလုံး)