မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား  ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇွန် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှု ရှိ/မရှိအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည်  ဝမ်းတွင်းမြို့နယ်အတွင်း အမှတ်(၁)၊ ကံဦးရပ်၊ သဲတော်မြို့ရှိ “ဝင်း” စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)