သတင်းများ

မိုင်းယန်းမြို့၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jun 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ မိုးစပါး စိုက်ပျိုးသူ တောင်သူများအား ဒုတိယအကြိမ် မျိုးစပါး ထောက်ပံ့ပေးအပ်
Jun 27,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ဒုတိယအကြိမ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဈေးရောင်းချသည့် ဈေးသည်များအား ကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးပေး
Jun 27,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် မုန့်မျိုးစုံရောင်းချလျက်ရှိသည့် ဈေးသည်များအား ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် (B)ပိုး၊(C)ပိုး၊(HIV)ပိုးနှင့် (VDRL)  ကာလသားရောဂါပိုးများ ရှိ/မရှိကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သာယာမိုးရပ်အဝင်လမ်း ကိုယ်ထူကိုယ်ထမြေနီလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ မြို့ပေါ်ရှိယာဥ်လုပ်ငန်းရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ကိုယ်ထူကိုယ်ထ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့မှစ၍ စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။
ကျောက်တော်မြို့နယ်ရုံး Community Centre ခန်းမ၌  ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်
Jun 27,2023
ကျောက်တော်မြို့နယ်ရုံး၊ Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာ ရေးသားနည်းခေါင်းစဥ်ဖြင့် ယနေ့နေ့လယ်ပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်ခဲ့သည်။
သာယာဝတီမြို့တွင် ခရိုင်အဆင့်၊ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ခြင်းပြိုင်ပွဲ အခမ်းအနားကျင်းပ
Jun 27,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူးကျင်းပသော ခရိုင်အဆင့်၊ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်ရဲတပ်ဖွဲ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတောင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jun 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာအထက်တန်း (တုန်ဟုန်း)ကျောင်းသို့သွားရောက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုင်းတောင်းနယ်မြေရဲစခန်းတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ပင်းတယမြို့၌ ငလျင်သဏ္ဍာန်တူဇာတ်တိုက်​လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Jun 27,2023
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်တွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်​လေ့ကျင့်ခြင်းအခမ်းအနားကို ယ​နေ့နံနက် ၉ နာရီ အချိန်က အမှတ် ၁ အ​ခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။