သတင်းများ

တနင်္သာရီမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပညာပေးဟောပြောပွဲ အခမ်းအနား ပြုလုပ်
Jun 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆)နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား တက်ရောက်
Jun 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
မိုင်းပျဥ်းမြို့၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းစတင်ခြင်းအခမ်းအနားကျင်းပ
Jun 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မိုင်းပျဥ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် ပြည်သူများထံသို့ ဆီနှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ
Jun 27,2023
ပြည်သူများ စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆီနှင့်အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယနေ့နံနက်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက်ရှိ (အ.လ.က) ချောင်းသာတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ဗိုလ်မှူးချုပ်တင်ဆွေ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးဝါးကုသမှုပေးနေမှုများနှင့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအားကြည့်ရှုအားပေး
Jun 27,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ မောင်တော-ဘူးသီးတောင် ကားလမ်းမဘေးရှိ ခရိုင်တရားရုံးအနီးတွင် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ မြို့မတောင်ရပ်ကွက်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ဆေးဝါးကုသမှုပေးနေမှုများနှင့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 27,2023
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေဝါ)နှင့် ပူးပေါင်းကာ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်
Jun 27,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ယနေ့နံနက်ပိုင်းမှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက Biometric အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။