ကျောက်တော်မြို့နယ်ရုံး Community Centre ခန်းမ၌  ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်

ကျောက်တော်  ဇွန် ၂၇

ကျောက်တော်မြို့နယ်ရုံး၊ Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာ ရေးသားနည်းခေါင်းစဥ်ဖြင့် ယနေ့နေ့လယ်ပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်ခဲ့သည်။

စာဖတ်၀ိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူ၀င်းက စာဖတ်၀ိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားကာ ရုံးစာရေးသားနည်းတွင် အခြေခံရမည့်အချက်များနှင့် ရုံးစာရေးသားနည်း အမျိုးအစားများ ကိုဆွေးနွေးပြောကြားသည်။ ထို့နောက် ရုံး၀န်ထမ်းများက ရုံးစာရေးသားနည်း အမျိုးအစားခေါင်းစဥ်များအလိုက် မိမိတို့၏ နားလည်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ရုံးတွင်းစာဖတ်၀ိုင်းပြု လုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ၀န်ထမ်းများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ အတွေးအခေါ်အသိပညာများတိုးပွါးစေရန်၊ ရုံးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်တတ် စေရန်ရည်ရွယ်၍ စာဖတ်၀ိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြူဖြူ၀င်း