ကျိုက်ထို ဇွန် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့နယ်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် မုန့်မျိုးစုံရောင်းချလျက်ရှိသည့် ဈေးသည်များအား ဇွန် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် (B)ပိုး၊(C)ပိုး၊(HIV)ပိုးနှင့် (VDRL) ကာလသားရောဂါပိုးများ ရှိ/မရှိကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့စစ်ဆေးပေးရာတွင် မြို့နယ်ကုသရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့်ကျောင်းသား/ကျောင်းသူများ ကူးစက်ရောဂါမဖြစ်ပွားစေရန် ကျောင်းမုန့်ဈေးရောင်းချလျက်ရှိသည့် အခြေခံပညာကျောင်း(၅၉)ကျောင်းမှ ဈေးရောင်းချသူ(၂၂၂)ဦးကို ဇွန်(၂၄)ရက်နေ့မှ ဇွန်(၂၆)ရက်နေ့ထိ စစ်ဆေးပေးပြီး ဈေးရောင်းချရန်ကျန်းမာကြောင်း ထောက်ခံချက်အား မြို့နယ်ကုသရေးဦးစီးဌာနမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးထံမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)