သာယာဝတီမြို့တွင် ခရိုင်အဆင့်၊ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ခြင်းပြိုင်ပွဲ အခမ်းအနားကျင်းပ

သာယာဝတီ ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူးကျင်းပသော ခရိုင်အဆင့်၊ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ခြင်းပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ခရိုင်ရဲတပ်ဖွဲ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးဉာဏက ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ရမည့် အမှတ်ပေးစဥ်းမျဥ်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး သာယာဝတီခရိုင်အတွင်းရှိ ၆ မြို့နယ်မှ ဝတ်ရွတ်အသင်းများက ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ယှဉ်ပြိုင်ကြပြီး ပထမရရှိသောဆုရဝတ်ရွတ်အသင်းအားပဲခူးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)