ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သာယာမိုးရပ်အဝင်လမ်း ကိုယ်ထူကိုယ်ထမြေနီလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ဆင်ပေါင်ဝဲ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ မြို့ပေါ်ရှိယာဥ်လုပ်ငန်းရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ကိုယ်ထူကိုယ်ထ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့မှစ၍ စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)