သရက်မြို့နယ်အတွင်း ဇီဝဆိုင်ရာ အချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

သရက် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း E-iDစနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometic) ကောက်ယူခြင်း လုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ အမှတ်(၂) အကြီးစား စက်မှုလက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစား စက်ရုံ (သရက်)တွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးတည် အုပ်စုအလိုက် အမည်စာရင်း ရယူထားသော နိုင်ငံ ဝန်ထမ်းများနှင့် ၎င်းတို့၏ မှီခိုမိသားစုဝင်များ၊ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ  ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများ၊ ၎င်းတို့၏ Biographic Data နှင့် Biographic Data များကို ကောက်ယူခြင်း ၊ Databaseတွင် သိမ်းဆည်းခြင်းများ၊ ဆောင်ရွက်ပြီး ဂဏန်း(၁၀)လုံပါ Unique ID ကတ်များကို ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို သရက်မြို့နယ် အတွင်း (၁၀၃၀၀၉)ဦးခန့်  ဆောင်ရွက်ရမည်ဖြစ်ရာ ဇွန်လ(၂၂) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၆)ရက်နေ့ထိ ( ၇၀၈)ဦးထည့်သွင်းရေးသွင်းပြီဖြစ်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)