တွန်းဇံမြို့၌ မူးယစ်အန္တရာယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တွန်းဇံ ဇွန် ၂၆

ချင်းပြည်နယ် တွန်းဇံမြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ယာယီခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြစိုးက မူးယစ်ဆေးဝါး အကြောင်းအရာများနှင့် မူးယစ်ဆေးသုံးစွဲပါက ရရှိလာမည့်ဆိုးကျိုးများအား  Power point ဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူ(၁၆)ဦးအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုး၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှန်းမုန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၃၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်