သတင်းများ

ဝိုင်းမော်မြို့နယ်၌ (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ
Jul 03,2023
၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို
ကြို့ပင်ကောက်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်အားကစားကွင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်
Jul 03,2023
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက်၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကုတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး
Jul 03,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ကျင်းပသည်။
ပင်းတယဒေသထွက် နဂါးမောက်အနီသီးများ နဂါးမောက်အဖြူသီးထက်ပို၍ ဈေးကောင်းရရှိ
Jul 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို ရာသီများအလိုက် စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိကြရာ ယခု ကာလထွက်ရှိသည့် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နဂါးမောက် အနီသီးများက နဂါးမောက်အဖြူသီးထက်ပို၍ ဈေးကောင်းရရှိနေကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ဌာနဆိုင်ရာရုံးများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jul 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်‌ရေးသင်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝင်းမြင့်အောင်နှင့်အဖွဲ့များသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။