မိုင်းယန်းမြို့၌ ဌာနဆိုင်ရာရုံးများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မိုင်းယန် ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမားရေးဝန်ထမ်းများတို့မှ မိုင်းယန်းခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းမိသားစုအိမ်ယာများနှင့် မြို့မရဲစခန်းအတွင်းရှိ ပုံး၊ မြေအိုး၊ တာရာ၊ ရေကန်အဟောင်းနှင့် ရေတိုင်ကီအဟောင်းများရှိ ညစ်ညမ်းရေများကို သွန်ပေးခြင်း၊ အဖုံးမပါသော ရေအိုး၊ ရေကန်များကိုဖုံးပေးခြင်း၊ ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ရေကန်နှင့် ရေစည်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး