လောက်ကိုင် ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝင်းမြင့်အောင်နှင့်အဖွဲ့များသည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အဖွင်အမှာစကားပြောကြားပြီး၊ ရဲအုပ် ဝင်းမြင့်အောင်မှ ကျောင်းသား/ကျောင်းသူများအား စိတ်ချရအောင်လမ်းကို ဘယ်လိုကူးမလဲ၊ ယာဉ်ထိန်းအချက်ပြ မီးရောင်များ၏ သတ်မှတ်ချက်၊ လမ်းပေါ်မှာဘယ်ယာဉ်တွေကို ဦးစားပေးရမလဲ၊ ယာဉ်ကြောပိတ်ဆို့မှုသက်သာစေဖို့၊ လမ်းညွှန်အမှတ်အသားများ၊ လမ်းကိုဘယ်လိုလျှောက်မလဲ စသည့်ခေါင်းစဉ်များဖြင့် တစ်ခုချင်းချပြ ရှင်းလင်းဟောပြောခဲ့ပြီး တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၁၂၈)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာမျာနှင့်ကျောင်းသားများ စုစုပေါင်းအင်အား (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)