ကြို့ပင်ကောက်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်အားကစားကွင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ နှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး မိုးရာသီ သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရားအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၂၉၀ ခန့်က ကျွန်းပင်(၅၀)၊ ပျဉ်းကတိုး(၅၀)၊ မန်ဂျန်ရှား(၁၀၀)၊ မဟော်ဂနီ(၃၈)၊ ပိတောက်(၂)၊ ယင်းမာ(၂၈)၊ရေမနေ(၂)၊ တမလန်း(၂) စုစုပေါင်းပျိုးပင် (၂၇၂)အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တော ပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်း များ ထူထောင်ခြင်းဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)